ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်အတွင်းရှိ ၁၉ လမ်း၊ လမ်း ၂၀ နှင့် စဉ့်အိုးတန်းလမ်းတို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားခဲ့သည့် လူနေတိုက်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ကလိုရင်းဆေးရည်များ ပက်ဖျန်းပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ထို့ပြင် ပြည်သူများအား ကာကွယ်ရေး နည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကိုပါ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ လက်ရှိတွင် နေ့စဉ် ဆေးရုံတက်ရောက်သည့် လူနာအရေအတွက် လျှော့ကျလာပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


