back

မန္တလေးတိုင်း၊ အင်းဝ၌ ဦးအိုအုတ်လမ်းတံတားပေါ် ရေကျော်နေပြီး အနိမ့်ပိုင်း ဘုရားများအတွင်းအထိ ရေဝင်ရောက်

Aug 14 • 3:09 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ အင်းဝ၌ ဦးအိုအုတ်လမ်းတံတားပေါ် ရေကျော်နေပြီး အနိမ့်ပိုင်း ဘုရားများအတွင်းအထိ ရေဝင်ရောက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်း (အင်းဝရှေးဟောင်းဇုန်) ၌ သမိုင်းဝင် ဦးအိုအုတ်လမ်းတံတား (မဟာဇေယျပထတံတား) ပေါ် ရေကျော်နေပြီး မြို့၏...

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ အင်းဝမြို့ဟောင်း (အင်းဝရှေးဟောင်းဇုန်) ၌ သမိုင်းဝင် ဦးအိုအုတ်လမ်းတံတား (မဟာဇေယျပထတံတား) ပေါ် ရေကျော်နေပြီး မြို့၏ အနိမ့်ပိုင်းရှိ ရှေးဟောင်းဘုရား ပရဝုဏ်များအတွင်းအထိ ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဩဂုတ် ၁၀ ရက် ညပိုင်းမှစတင်ကာ ရေများ စိမ့်ဝင်လာခြင်းဖြစ်ပြီး အခြေအနေ ပိုမိုမဆိုးရွားမီ အချိန်မီ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။အဆိုပါ အင်းဝရှေးဟောင်းဇုန်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ထူးကဲရေကြီးမှုကြောင့် ဦးအိုအုတ်လမ်းတံတား အပါအဝင် ရှေးဟောင်းအဆောက်အအုံများ ရေမြုပ်မှု ဖြစ်ပွားခဲ့ဖူးသည်။

news-view-count-icon

7