ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်နှင့် ဆက်စပ်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက်ပြန့်ပွားမှုသည် ရောဂါဖြင့် သေဆုံးသည့် ဝက်သားများကြောင့်ဖြစ်သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဈေးကွက်အတွင်း ဝက်သား ဝယ်ယူစားသုံးသူ နည်းပါးသွားကာ ရောင်းအား သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။ရန်ကုန်မြို့ရှိ ဈေးများတွင် အရင်က ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ ခန့် ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၂၀,၀၀၀ ခန့်အထိ ဈေးနှုန်း ကျဆင်းသွားခဲ့ပြီး ဝက်သားသည်များမှာလည်း ဝယ်သူမရှိသဖြင့် ရသလောက် ဈေးနှုန်းဖြင့် ထိုးရောင်းနေရသည်။အာဖရိက ဝက်တုပ်ကွေး (African Swine Fever - ASF) ကြောင့် ဝက်များ သေဆုံးသည့် ဖြစ်စဉ်များ ရှိနေသော်လည်း ယခု ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် အာဖရိက ဝက်တုပ်ကွေး ဆက်စပ်မှု ရှိမရှိကို ကျန်းမာရေးဌာနက တရားဝင် အတည်ပြု ထုတ်ပြန်ထားခြင်း မရှိသေးပေ။ လက်ရှိတွင် တာဝန်ရှိသူများက ရောဂါဖြစ်ပွားမှု များပြားသည့် မြို့နယ်များ၌ လမ်းဘေး အစားအသောက် ရောင်းချသည့် ဆိုင်များကို ခေတ္တ ပိတ်ခိုင်းထားပြီး ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
Aug 14 • 3:06 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


