back

စစ်ကိုင်းတိုင်းရှိ သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်သဖြင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်နေ

Aug 14 • 3:05 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းရှိ သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်သဖြင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်းရန် လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်တွင် မူးမြစ်ရေတိုးလာမှုကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လွန်ကာ ၅၄၅ ဒသမ ၇၅ ပေသို့ ရောက်ရှိလာသဖြင့် ဆည်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်တွင် မူးမြစ်ရေတိုးလာမှုကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လွန်ကာ ၅၄၅ ဒသမ ၇၅ ပေသို့ ရောက်ရှိလာသဖြင့် ဆည်ရေပိုလွှဲ ၁၂ ပေါက်မှ ရေများ ပိုမိုလွှတ်ချနေရကြောင်း သိရသည်။အဆိုပါ လွှတ်ချလိုက်သည့် ရေများသည် ကာဘိုးဆည်အတွင်းသို့ ရောက်ရှိမည်ဖြစ်ရာ ကာဘိုးဆည်တွင်လည်း ရေတံခါးအားလုံး ဖွင့်ချထားရသဖြင့် အောက်ဘက်ဒေသများသို့ ရေများ အထိန်းအကွပ်မရှိ စီးဆင်းလာနိုင်သည်။ သို့ဖြစ်ပါ၍ ကင်းတပ်ဆည်နှင့် ကာဘိုးဆည်ကြား မူးမြစ်ဘေးဝဲယာရှိ ကျေးရွာများ၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း အပါအဝင် မူးမြစ်အောက်ပိုင်း မြေနိမ့်ပိုင်းဒေသခံများအနေဖြင့် ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။သဖန်းဆိပ်ဆည် ရေလွှတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကျေးရွာ ၁၉၃ ရွာမှ လယ်ဧက ၅၄,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး မြို့နယ် ၆ ခုမှ ရေဘေးသင့် လူဦးရေ ၁၁,၄၀၃ ဦး ရေဘေးရှောင်စခန်း ၂၉ ခု၌ ယာယီခေတ္တ ခွဲဝေနေထိုင်နေရသည်။ ထို့ပြင် ဒီပဲယင်းမြို့နယ်တွင် သေဆုံးသူ ၈ ဦးအထိ ရှိလာပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် မြွေဆိပ်ဖြေဆေးများ အရေးပေါ် လိုအပ်လျက်ရှိသည်။

news-view-count-icon

10