back

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုများပြားနေ

Aug 14 • 2:30 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းတွင် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုများပြားနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မင်းကင်းမြို့နယ်တို့တွင် ငှက်ဖျားရောဂါ ဖြစ်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသများဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝနှင့် မင်းကင်းမြို့နယ်တို့တွင် ငှက်ဖျားရောဂါ ဖြစ်ပွားလျက်ရှိပြီး ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့၌ ကူးစက်မှု ပိုမိုများပြားနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။လူဦးရေ ရွှေ့ပြောင်းသွားလာမှုများပြားခြင်းနှင့် အချို့ဒေသများတွင် နယ်မြေအခြေအနေအရ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မပေးနိုင်ခြင်းတို့ကြောင့် ကူးစက်မှုများပြားနေရခြင်း ဖြစ်သည်။လက်ရှိတွင် ငှက်ဖျားဖြစ်ပွားရာ မြို့နယ်များသို့ ရေကြောင်းမှတစ်ဆင့် ဆေးစိမ်ခြင်ထောင် အလုံး ၄ သောင်းကျော် ပေးပို့ထားပြီး လက်လှမ်းမီသည့် ဒေသများ၌ ကျန်းမာရေးအသိပညာပေးခြင်း၊ သွေးဖောက်စစ်ဆေးပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းများကို တိုင်းအစိုးရအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

28