back

ရတနာပုံအသင်း ၅ ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးတိုက်စစ်မှူး နေတိုကို ခေါ်ယူ

Aug 14 • 2:29 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရတနာပုံအသင်း ၅ ဦးမြောက် ပြည်ပကစားသမားအဖြစ် ဘရာဇီးတိုက်စစ်မှူး နေတိုကို ခေါ်ယူ

ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် ၅ ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် ၂၄ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး နေတို (Neto) ကို ခေါ်ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။အရ...

ရတနာပုံအသင်းသည် လာမည့်ရာသီအတွက် ၅ ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် ၂၄ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး နေတို (Neto) ကို ခေါ်ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။အရပ် ၅ ပေ ၁၁ လက်မရှိ ညာခြေအားပြု တိုက်စစ်မှူး နေတိုသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘရာဇီးကလပ်များတွင် စတင်ခဲ့ပြီး Brazil Serie-D နှင့် State Championship ပြိုင်ပွဲများတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။ ရတနာပုံအသင်းတွင် ကျောနံပါတ် ၉၀ ဝတ်ဆင် ကစားသွားမည်ဖြစ်သည်။ရတနာပုံအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းကမှ အသက် ၂၃ နှစ်အရွယ် ဘရာဇီးရှေ့တန်းကစားသမား ဗီတင်ဟိုကို ခေါ်ယူခဲ့ပြီးနောက် ယခုအခါ အခြားဘရာဇီး တိုက်စစ်မှူးတစ်ဦးကို ထပ်မံဖြည့်တင်းလိုက်ခြင်းဖြစ်သည်။ယင်းကြောင့် လက်ရှိ ရတနာပုံအသင်းတွင် အကီတိုဆိုင်တို (ဂျပန်)၊ အဒိုဘာဖော်စတာ (ဂါနာ)၊ ဖရန်ဂျီတိုရေး (ဂီနီ)၊ ဗီတင်ဟို (ဘရာဇီး) နှင့် နေတို (ဘရာဇီး) ဆိုသည့် ပြည်ပကစားသမား ၅ ဦးအထိ ပိုင်ဆိုင်ထားပြီဖြစ်သည်။

news-view-count-icon

21