မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဩဂုတ် ၁၃ ရက် နံနက် ၆ နာရီခွဲခန့်က ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သတင်းရရှိသည်နှင့် မင်းဘူးခရိုင်/မြို့နယ် မီးသတ်စခန်းနှင့် ထောက်ရှာပင် နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ပရဟိတအသင်းသားများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


