မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် UEFA Pro Licence ရရှိထားသည့် အင်္ဂလန်နိုင်ငံသား နည်းပြ Colin Bell (ကောလင်းဘဲလ်) ကို ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ MFF အစည်းအဝေးခန်းမ၌ တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။အသက် ၆၅ နှစ်အရွယ် နည်းပြ Colin Bell သည် ယခင်က တောင်ကိုရီးယား အမျိုးသမီးအသင်း၊ အိုင်ယာလန် အမျိုးသမီးအသင်းတို့အပြင် ဂျာမနီကလပ် 1. FFC Frankfurt နှင့် ၂၀၁၅ ခုနှစ် UEFA Women's Champions League ချန်ပီယံဆု ရရှိခဲ့သူဖြစ်သည်။အဆိုပါ နည်းပြချုပ်သစ် ခန့်အပ်မှုမှတစ်ဆင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို အာရှအဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန်နှင့် သမိုင်းဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA Women's World Cup) သို့ တက်လှမ်းနိုင်ရေးကို အဓိက ပန်းတိုင်ထား၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်သည်။
Aug 14 • 1:56 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


