အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယိုနယ်မက်ဆီ (Lionel Messi) သည် ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့်အတွက် စိတ်ဝမ်းနည်းကြေကွဲမှုများနှင့် ရင်ဆိုင်နေရပြီး ကစားသမားဘဝမှ အနားယူရန် အလေးအနက်ထား စဉ်းစားနေကြောင်း လူမှုကွန်ရက်တွင် စာတစ်စောင် ရေးသား၍ အသိပေးခဲ့သည်။မက်ဆီ၏ စာထဲတွင် ဖခင်မရှိတော့သည့်အတွက် ရှေ့ဆက်မည်သို့သွားရမည်ကို မသိတော့ကြောင်း၊ လက်ရှိတွင် ဘောလုံး ဆက်လက်ကစားရန် ခွန်အားမရှိတော့သလို ခံစားနေရပြီး ရှေ့ဆက်၍ ကစားသွားနိုင်ဦးမည်လားဆိုသည်မှာလည်း ကြီးမားသည့် သံသယများ ဝင်ရောက်နေကြောင်း ဖော်ပြထားသည်။ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်အတွင်းကလည်း ဖခင်၏ ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်ပူပန်မှုများဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး အယ်လ်ဂျီးရီးယားနှင့် ပွဲစဉ်အပြီးတွင် ကွင်းအတွင်း မျက်ရည်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။
Aug 14 • 1:55 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


