back

ရန်ကုန်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံးမှုကြောင့် ၁၉ လမ်းရှိ ဆိုင်များအား တစ်ပတ်ခန့်ပိတ်ခိုင်းခဲ့

Aug 14 • 1:39 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံးမှုကြောင့် ၁၉ လမ်းရှိ ဆိုင်များအား တစ်ပတ်ခန့်ပိတ်ခိုင်းခဲ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် အသက် ၉၂ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦး ဩဂုတ် ၁၃ ရက်၌ သေဆုံးသွ...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် အသက် ၉၂ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦး ဩဂုတ် ၁၃ ရက်၌ သေဆုံးသွားခဲ့သဖြင့် ရောဂါကူးစက်မှု ထိန်းချုပ်ရန် လသာမြို့နယ်ရှိ နာမည်ကြီး ၁၉ လမ်းမှ စားသောက်ဆိုင်များအားလုံးကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ တစ်ပတ်ခန့် ပိတ်ထားရန် ညွှန်ကြားထားသည်။ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ စာရင်းများအရ ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ ဝမ်းပျက်ဝမ်းလျှော လူနာ ၁၅၀ ကျော် ရောက်ရှိခဲ့ရာ အဆိုပါအနက် ၅၄ ဦးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုး တွေ့ရှိခဲ့ပြီး သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။အဓိက ဖြစ်ပွားနေသည့် လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များအတွင်းရှိ လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုးနှင့် လမ်းဘေး အစားအသောက်ဆိုင်များကိုလည်း ရက်ပိုင်းခေတ္တ ရပ်နားခိုင်းထားပြီး တာဝန်ရှိသူများက အစားအသောက်၊ သောက်သုံးရေများနှင့် ကလိုရင်းဆေးရည် ပက်ဖျန်းခြင်းများကို ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

12