အထက်ပိုင်းဒေသများ၌ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမှုကြောင့် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ် (၈၇၀ စင်တီမီတာ) အထက်သို့ ဩဂုတ် ၈ ရက်ကတည်းက ကျော်လွန်ရောက်ရှိခဲ့သည့် ဒုဋ္ဌဝတီမြစ်ရေသည် ဩဂုတ် ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ၉၅၉ စင်တီမီတာတွင် ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၃ ပေခန့်၌ ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ဒုဋ္ဌဝတီမြစ်ရေသည် ဩဂုတ် ၁၁ ရက်တွင် ၉၈၇ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် အကျဘက်သို့ ဦးတည်နေပြီဖြစ်သော်လည်း အောက်ပိုင်းရှိ ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် ဒုဋ္ဌဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေခြင်း ဖြစ်သည်။သို့သော် လာမည့် ၂၄ နာရီအတွင်း ဒုဋ္ဌဝတီမြစ်ရေသည် ပေဝက် (၁၅ စင်တီမီတာ) ခန့် ပြန်လည်ကျဆင်းလာနိုင်ကြောင်း မိုးဇလစခန်းတာဝန်ရှိသူက ပြောကြားခဲ့သည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေခန့်တွင် ဆက်လက်တည်ရှိနေပြီး ၂၄ နာရီအတွင်း ပေဝက်ခန့် ကျဆင်းနိုင်
Aug 14 • 1:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


