ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးကန်ဒေသတွင် ခရမ်းချဉ်သီးဈေးနှုန်းများ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းနေသဖြင့် စိုက်ပျိုးရေးတောင်သူ ၃ ပုံ ၂ ပုံခန့်နှင့် ရောင်းဝယ်ရေးပွဲရုံများ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ခရမ်းချဉ်သီး (အစိမ်း/အမှည့်) တစ်ပိဿာလျှင် ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာ ရောင်းဝယ်နေရပြီး အသေးအမျိုးအစားမှာ ၁,၀၀၀ ကျပ်၊ ရှယ်အမျိုးအစားမှာ ၁,၃၀၀ ကျပ်ခန့်သာ ရရှိသည်။ ဇူလိုင်လအတွင်းက တစ်ပိဿာ ၂,၀၀၀ ကျပ်ခန့်အထိ ရရှိခဲ့သော်လည်း ဇူလိုင်လလယ်မှစ၍ ၁,၀၀၀ ကျပ်အောက်သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ဈေးနှုန်းကျဆင်းရခြင်းမှာ ကုန်းပေါ်ဒေသများမှ ခရမ်းချဉ်သီးများ တစ်ပြိုင်တည်း ထွက်ရှိလာခြင်း၊ ရေကြီးမှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ သယ်ယူပို့ဆောင်ရန် အဆင်မပြေခြင်း၊ ဝယ်လိုအား နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် မြေဩဇာနှင့် ပိုးသတ်ဆေး အပါအဝင် သွင်းအားစုစရိတ်များ မြင့်တက်နေချိန်တွင် သီးနှံဈေးနှုန်းပါ ထက်ဝက်ကျော် ကျဆင်းသွားသဖြင့် ထုတ်လုပ်မှုစရိတ်ပင် ပြန်မရဘဲ တောင်သူများ အခက်တွေ့နေကြရသည်။
ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ ခရမ်းချဉ်သီးဈေး အနိမ့်ဆုံးသို့ ကျဆင်းမှုကြောင့် တောင်သူများနှင့် ပွဲရုံများ အရှုံးပေါ်နေ
Aug 13 • 7:04 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


