back

မန္တလေးတိုင်း၊ မတ္တရာ၌ ရေအနည်းငယ် ကျဆင်းလာသော်လည်း မိုးဆက်လက် ရွာသွန်းနေသဖြင့် ဘေးလွတ်ရာသို့ ဆက်လက် ရွှေ့ပြောင်းနေရဆဲဖြစ်

Aug 13 • 6:36 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ မတ္တရာ၌ ရေအနည်းငယ် ကျဆင်းလာသော်လည်း မိုးဆက်လက် ရွာသွန်းနေသဖြင့် ဘေးလွတ်ရာသို့ ဆက်လက် ရွှေ့ပြောင်းနေရဆဲဖြစ်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဆည်တော်ကြီး ရေလှောင်တမံ ဖွင့်ချခဲ့ရမှုနှင့် တံငါချောင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး လက...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ဆည်တော်ကြီး ရေလှောင်တမံ ဖွင့်ချခဲ့ရမှုနှင့် တံငါချောင်း ရေကြီးရေလျှံမှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ရေအနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် နိမ့်ပိုင်းကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ယနေ့အထိ ဆက်လက် ရွှေ့ပြောင်းနေရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံမှ သိရသည်။ရေကျဆင်းသွားသဖြင့် မိုးကုတ်-မတ္တရာ ကားလမ်းပေါ်တွင် ကုန်ကားကြီးများ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနေ၍ စိုးရိမ်ရသည့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ပြည်သူများကို ထပ်မံရွှေ့ပြောင်းပေးနေရဆဲဖြစ်သည်။ထို့အပြင် ရေဘေး အန္တရာယ်ကြောင့် အောက်ပိုင်းရှိ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များမှ ကျေးရွာများကို ကြိုတင်ပြင်ဆင်ရန် အသိပေးထားသလို မန္တလေးမြို့တောင်ဘက်ခြမ်း ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပုလိပ်နှင့် မြစ်ငယ်ကြားရှိ ကျေးရွာအချို့သို့လည်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

19