back

ပြည်တွင်း၌ ယခုမိုးတွင်းကာလ ဖျားနာမှု မြင့်တက်နေပြီး စီးပွားရေး ကျပ်တည်းမှုကြောင့် စပ်ဆေးများကိုသာ အားကိုးနေရ

Aug 13 • 4:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ယခုမိုးတွင်းကာလ ဖျားနာမှု မြင့်တက်နေပြီး စီးပွားရေး ကျပ်တည်းမှုကြောင့် စပ်ဆေးများကိုသာ အားကိုးနေရ

ပြည်တွင်း၌ မိုးရာသီကာလအတွင်း ရာသီပေါ် တုပ်ကွေးနှင့် ဖျားနာမှုများ သိသိသာသာ မြင့်တက်လာသော်လည်း စီးပွားရေး ကျပ်တည်းမှုကြောင့် အခြေခံလူတန်းစားများမှာ ဆေးခန်းမပြနို...

ပြည်တွင်း၌ မိုးရာသီကာလအတွင်း ရာသီပေါ် တုပ်ကွေးနှင့် ဖျားနာမှုများ သိသိသာသာ မြင့်တက်လာသော်လည်း စီးပွားရေး ကျပ်တည်းမှုကြောင့် အခြေခံလူတန်းစားများမှာ ဆေးခန်းမပြနိုင်ဘဲ ရပ်ကွက်တွင်းရှိ ဆေးဆိုင်များမှ စပ်ဆေးများကိုသာ ဝယ်ယူအားကိုးနေရကြောင်း သိရသည်။လက်ရှိတွင် ဆေးခန်းပြသပါက ပြခနှင့် ဆေးဖိုး အနည်းဆုံး ငွေကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်အထိ ကုန်ကျနေသဖြင့် မိသားစု စားဝတ်နေရေးအတွက် နေ့စားအလုပ်သမားများနှင့် အခြေခံလူတန်းစားများမှာ ဆေးခန်းမသွားနိုင်ဘဲ ၁,၀၀၀ ကျပ်တန် စပ်ဆေးများကိုသာ ဝယ်ယူသောက်သုံး၍ အလုပ်ဆက်လုပ်နေကြရသည်။ထို့ပြင် အလုပ်ပျက်ပါက နေ့တွက်ခ ဆုံးရှုံးမည့်အရေးကြောင့် အောင့်အည်းသည်းခံကာ လုပ်ငန်းခွင်သို့ သွားရောက်နေကြရသဖြင့် ရပ်ကွက်အခြေပြု အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကူညီပံ့ပိုးမှုများ ပိုမိုလိုအပ်လျက်ရှိသည်။

news-view-count-icon

13