back

ရန်ကုန်မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လမ်းဘေးဆိုင်များကို ၃ရက်မှ ၅ရက်အထိ ရောင်းချခွင့် ပိတ်ပင်

Aug 13 • 4:36 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လမ်းဘေးဆိုင်များကို ၃ရက်မှ ၅ရက်အထိ ရောင်းချခွင့် ပိတ်ပင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေမှုကြောင့် ကျောက်တံတားနှင့် လသာ အပါအဝင် မြို့နယ်အချို့ရှိ လမ်းဘေး အစားအစာဆိုင်များကို အနည်းဆုံး ၃ ရ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေမှုကြောင့် ကျောက်တံတားနှင့် လသာ အပါအဝင် မြို့နယ်အချို့ရှိ လမ်းဘေး အစားအစာဆိုင်များကို အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ကျောက်တံတားမြို့နယ်တွင်လည်း ဩဂုတ် ၁၃ ရက်မှ စတင်ကာ လမ်းဘေးရောင်းချမှုများကို ၃ ရက်မှ ၅ ရက်အတွင်း ရောင်းချခွင့် ခေတ္တတားမြစ်ကြောင်း လိုက်လံကြေညာလျက်ရှိပြီး ရောဂါအခြေအနေပေါ် မူတည်၍ ဈေးပြန်လည်ရောင်းချခွင့်ကို ပြန်လည်အသိပေးသွားမည်ဖြစ်သည်။အလားတူ လသာမြို့နယ်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်၊ အုပ်ချုပ်ရေးနှင့် ကြက်ခြေနီ အသင်းအဖွဲ့များ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားစေနိုင်သည့် လက်လုပ်ချဉ်၊ အသုပ်နှင့် ဒုတ်ထိုးဆိုင်များကို ၂ ရက်မှ ၃ ရက်ခန့် ခေတ္တရပ်နားထားရန် ပြောကြားထားကြောင်း သိရသည်။

news-view-count-icon

19