ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းဒေသများ၌ ရေမြင့်တက်လာပြီး မိုးစပါးစိုက်ခင်းများနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်ရောင်းချမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ရေမြင့်တက်လာမှုကြောင့် ဘဲနှင့် ဝက်မွေးမြူရေးခြံအချို့မှာ လူနေအိမ်အနီးသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသဖြင့် အပိုကုန်ကျစရိတ်များ ကုန်ကျနေရသည့်အပြင် စိုက်ပျိုးထားသည့် မိုးစပါးခင်းများလည်း ရေမြုပ်ပြီး ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရသည်။ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ ညောင်ရွှေ၊ အောင်ပန်းနှင့် ကလောမြို့နယ်တို့ရှိ မြေနိမ့်ပိုင်းဒေသများတွင် ရေမြင့်တက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ညောင်ရွှေ၌ ရေမြင့်တက်လာမှုကြောင့် မိုးစပါးနှင့် မွေးမြူရေးလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့
Aug 13 • 3:42 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 8 | 0 | 0 | 0 |


