back

ရှမ်းပြည်နယ်၊ တာချီလိတ်လေဆိပ်၌ PSMS စနစ်ဖြင့် စစ်ဆေးစဉ် တရားခံပြေးတစ်ဦး ဖမ်းဆီးရမိ

Aug 13 • 3:18 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တာချီလိတ်လေဆိပ်၌ PSMS စနစ်ဖြင့် စစ်ဆေးစဉ် တရားခံပြေးတစ်ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာမည့် ခရီးသည်များကို PSMS စနစ်ဖြင့် စစ်ဆေးစဉ် လောင်းကစားအမှုဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ခံ...

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာမည့် ခရီးသည်များကို PSMS စနစ်ဖြင့် စစ်ဆေးစဉ် လောင်းကစားအမှုဖြင့် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသူ အမျိုးသမီးတစ်ဦးအား ဩဂုတ် ၁၂ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသူမှာ အေးငြိမ်းစံ (ခ) အိမ့် ဆိုသူဖြစ်ပြီး တာချီလိတ်မြို့မရဲစခန်း၏ ၂၀၂၄ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၈(က) အမှုမှ တရားခံပြေး ဖြစ်သည်။ ၎င်းအား တာချီလိတ်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ့က ဟောင်လိတ်နယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

31