back

မကွေးတိုင်း၊ ပခုက္ကူ၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်

Aug 13 • 3:17 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ ပခုက္ကူ၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၅၆ စင်တီမီတာခန့် ကျော်လွန် ရောက်ရှိနေပြီး မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်/ကျေး...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၅၆ စင်တီမီတာခန့် ကျော်လွန် ရောက်ရှိနေပြီး မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားနေသဖြင့် ရေဘေးသင့် ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ပေးထားကြောင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။အဆိုပါ ကယ်ဆယ်ရေးစခန်းများကို ကျောက်စေတီဘုရားဝန်း၊ အ.မ.က (၁၅) နှင့် (၁၆) စာသင်ကျောင်း၊ သီဟိုဠ်ရှင်ဘုရားတန်ဆောင်း၊ သီဟိုဠ်ရှင် ကဇာတ်ရုံခန်းမနှင့် သဘာဝဘေးဒဏ်ခံ အဆောက်အဦ စသည့်နေရာများတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။လက်ရှိတွင် တာဝန်ရှိသူများက ရေဘေးသင့် အိမ်ထောင်စု ၃၅၂ စု၊ လူဦးရေ ၁,၃၆၁ ဦးတို့ကို ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် အရေးပေါ် သုံးပစ္စည်းများ၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးလျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

23