back

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Aug 13 • 3:15 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်နွယ်နွယ်ခိုင် ဆိုသူ အမျိုးသမီးသည် ဩဂုတ် ၁၂ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် ပစ...

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်တွင် နေထိုင်သည့် ဒေါ်နွယ်နွယ်ခိုင် ဆိုသူ အမျိုးသမီးသည် ဩဂုတ် ၁၂ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဖြစ်စဉ်နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။၎င်း၏ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုးသား နှစ်ဦးက ဝင်ရောက်ကာ 9 MM ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ဒဏ်ရာ ၄ ချက် ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ဒေါ်နွယ်နွယ်ခိုင်မှာ ရပ်ကွက်ဈေးတွင် ဈေးရောင်းချသူ ဖြစ်ပြီး ပစ်ခတ်ခံရသည့် အကြောင်းရင်းအား မသိရသေးပေ။ ရုပ်အလောင်းကို မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းမှ မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

15