back

မန္တလေးတိုင်း၌ တောင်ပြုံးပွဲတော်ကာလအတွင်း သရဲဈေးမှ မတ္တရာ ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်

Aug 13 • 2:33 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၌ တောင်ပြုံးပွဲတော်ကာလအတွင်း သရဲဈေးမှ မတ္တရာ ရထားခရီးစဉ် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ တောင်ပြုံးပွဲတော်ကာလအတွင်း သရဲဈေးမှ မတ္တရာ ရထားခရီးစဉ်ကို ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်လ...

မန္တလေးတိုင်းဒေသကြီး၊ တောင်ပြုံးပွဲတော်ကာလအတွင်း သရဲဈေးမှ မတ္တရာ ရထားခရီးစဉ်ကို ဩဂုတ်လ ၁၉ ရက်မှ စက်တင်ဘာလ ၁ ရက်နေ့အထိ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၂ ရက်တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှ သိရသည်။မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးသန့်၏ မန္တလေး-မတ္တရာ မီးရထားလမ်းပိုင်း ပြန်လည်ပြေးဆွဲပေးရန် မေးခွန်းနှင့် ပတ်သက်၍ မန္တလေး-မတ္တရာ လမ်းပိုင်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က ပြန်လည်ဖြေကြားခဲ့သည်။ထိုသို့ လမ်းပိုင်း မပြေးဆွဲနိုင်မီ ကာလအတွင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြန်မာ့မီးရထားနှင့် ညှိနှိုင်း၍ တောင်ပြုံးပွဲတော် ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ဒေသခံများ သွားလာရေး လွယ်ကူစေရန် သရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ ရထားခရီးစဉ်ကို ဩဂုတ် ၁၉ ရက်မှ စတင်ကာ ယာယီပြေးဆွဲပေးခြင်း ဖြစ်သည်။

news-view-count-icon

24