မန္တလေး ရတနာပုံအသင်းသည် လာမည့် မြန်မာနေရှင်နယ်လိဂ် ရာသီအတွက် စတုတ္ထမြောက် ပြည်ပကစားသမားအဖြစ် အသက် (၂၃) နှစ်အရွယ် ဘရာဇီး ကွင်းလယ်လူ ဗီတင်ဟိုကို ခေါ်ယူစာချုပ်လိုက်ပြီ ဖြစ်သည်။ကွင်းလယ်တိုက်စစ်ရော ခံစစ်ပါ ကစားနိုင်သည့် ဗီတင်ဟိုသည် ဘရာဇီးနှင့် အယ်ဘေးနီးယား ကလပ်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ရတနာပုံအသင်း၌ ကျောနံပါတ် (၅) ဝတ်ဆင်မည် ဖြစ်သည်။ ၎င်းသည် ယနေ့နံနက်က ဗဟန်းကွင်း၌ သစ္စာအားမာန်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ရာသီကြို ခြေစမ်းပွဲတွင်လည်း ရတနာပုံအသင်းအတွက် ပါဝင်ကစားပေးခဲ့သည်။ရတနာပုံအသင်းသည် ဗီတင်ဟိုကို မခေါ်ယူမီက ဂျပန်နောက်ခံလူ ဆိုင်တို၊ ဂါနာကွင်းလယ်လူ ဖော်စတာနှင့် ဂီနီတိုက်စစ်မှူး တိုရေးတို့ကိုလည်း ခေါ်ယူအားဖြည့်ထားပြီး ဖြစ်သည်။
Aug 13 • 2:11 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 8 | 0 | 0 | 0 |


