back

ဗယ်လက်ကာနို ဘယ်နောက်ခံလူ ချာဗာရီယာကို ချယ်လ်ဆီးအသင်း ပေါင် ၁၆.၃ သန်းဖြင့် ခေါ်ယူ

Aug 13 • 1:53 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗယ်လက်ကာနို ဘယ်နောက်ခံလူ ချာဗာရီယာကို ချယ်လ်ဆီးအသင်း ပေါင် ၁၆.၃ သန်းဖြင့် ခေါ်ယူ

ချယ်လ်ဆီးအသင်းသည် ဗယ်လက်ကာနိုအသင်းမှ စပိန် ဘယ်နောက်ခံလူ ပက်ချာဗာရီယာ (Pep Chavarría) ကို ပြောင်းရွှေ့ကြေး ပေါင် ၁၆.၃ သန်း (Add-ons ကြေး ပေါင် ၁.၇ သန်းအပါအဝင်) ဖ...

ချယ်လ်ဆီးအသင်းသည် ဗယ်လက်ကာနိုအသင်းမှ စပိန် ဘယ်နောက်ခံလူ ပက်ချာဗာရီယာ (Pep Chavarría) ကို ပြောင်းရွှေ့ကြေး ပေါင် ၁၆.၃ သန်း (Add-ons ကြေး ပေါင် ၁.၇ သန်းအပါအဝင်) ဖြင့် ခေါ်ယူပြီး ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။အသက် ၂၈ နှစ်အရွယ် ချာဗာရီယာသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့သွားသည့် ကူကူရယ်လာ၏ နေရာတွင် အစားထိုးရန်အတွက် ခေါ်ယူခြင်းခံရသူဖြစ်ပြီး ယခုနွေရာသီအတွင်း ချယ်လ်ဆီးအသင်း၏ ၉ ဦးမြောက် သစ်လွင်လက်ရွေးစင် ဖြစ်လာခဲ့သည်။ ၎င်းက ချယ်လ်ဆီးကဲ့သို့ ကမ္ဘာ့အကောင်းဆုံး အသင်းတွင် ကစားခွင့်ရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် နည်းပြ အလွန်ဆို၏ လက်အောက်တွင် အသင်း အောင်မြင်မှုရရှိရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။

news-view-count-icon

19