ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ နိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့် နေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီမံကြီးကြပ်၍ Sheet Pile ရိုက်၍ ကာရံခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ထိုသို့ ဆောင်ရွက်ရာတွင် ရိုက်ရမည့် Sheet Pile သံချောင်း ၂၈၆ ချောင်းအနက် ဩဂုတ် ၁၂ ရက်အထိ ၇၂ ချောင်း ရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်း လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် နေ့ညမပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံ ပြုပြင်ရေး Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ
Aug 13 • 1:43 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 14 | 0 | 0 | 0 |


