back

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၁ ဦး တက်ရောက်ခဲ့ပြီး ပိုးတွေ့သူ ၉၃ ဦးထိရှိလာ

Aug 13 • 1:42 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၁ ဦး တက်ရောက်ခဲ့ပြီး ပိုးတွေ့သူ ၉၃ ဦးထိရှိလာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ ၁၈၁ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ဝမ်းရောဂါပိုး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ ၁၈၁ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦး ရှိကြောင်း သိရသည်။‌၎င်းတို့အထဲမှ ၁၁ ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားခဲ့ပြီး လက်ရှိတွင် ၁၇၀ ဦး ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိသည်။ ဆေးရုံကြီးတွင် ပိုးတွေ့လူနာများအတွက် သီးသန့်အဆောင်ထားရှိ ကုသပေးနေသည့်အပြင် လူနာ ၉၀ ကျော်ဆံ့ အဆောင်သစ်တစ် ခုကိုပါ ကြိုတင်ပြင်ဆင် ဖွင့်လှစ်ထားရှိ‌ကြောင်းဆိုသည်။ထို့အပြင် လသာမြို့နယ်မှလည်း ဝမ်းပျက်ဝမ်းလျှောဖြစ်သူ၂၉ ဦး (ပိုးတွေ့ရှိသူ ၄ ဦး) ပါဝင်သဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စည်ပင်၊ ကြက်ခြေနီနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်သည့် လက်လုပ်ချဉ်၊ အသုပ်၊ ဒုတ်ထိုးဆိုင်များကို ၃ ရက်ခန့် ခေတ္တရပ်နားခိုင်းထားကြောင်းသိရသည်။ ထို့ပြင် ရေပိုက်လိုင်းများ စစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း စသည့် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

26