မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၃)၊ အောင်ဇေယျလမ်းတွင် ဩဂုတ် ၁၂ ရက် ည ၁၀ နာရီခွဲကျော်က ဓာတ်တိုင်နားရှိ တောင်တမာပင် သစ်ကိုင်းကျိုးကျသဖြင့် ရပ်နားထားသည့် Express ခရီးသည်တင်ယာဉ်ပေါ်သို့ သစ်ကိုင်းနှင့်အတူ ဓာတ်ကြိုးများပါ ပြုတ်ကျကာ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်ကြောင့် Express ယာဉ်ပေါ်ရှိ အမျိုးသား ၃ ဦးအနက် ၁ ဦး သေဆုံးခဲ့ပြီး၊ ၁ ဦး စိုးရိမ်ရ ဒဏ်ရာနှင့် ကျန် ၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။သတင်းရရှိသည်နှင့် ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး၊ ထိခိုက်သေဆုံးသူများကို သန္တိသုခ လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်၌ Express ယာဉ်ပေါ်သို့ ဓာတ်ကြိုးပြုတ်ကျမှုကြောင့် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးကာ နှစ်ဦး ဒဏ်ရာရ
Aug 13 • 1:39 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


