စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ကောလင်း၊ မုံရွာနှင့် ကလေးစသည့် ခရိုင် ၆ ခုရှိ မြို့နယ် ၁၄ မြို့နယ်မှ ကျေးရွာ ၁၉၃ ရွာတွင် စိုက်ပျိုးမြေဧက ၅၄,၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရေနစ်မြုပ်ခဲ့သည့် စိုက်ခင်းများတွင် တောင်သူ ၂၂,၀၀၀ ကျော် စိုက်ပျိုးထားသည့် မိုးစပါး၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံနှင့် ဟင်းသီးဟင်းရွက် အပါအဝင် သီးနှံစုံစိုက်ခင်းများ ပါဝင်နေပြီး၊ ဩဂုတ်လ ၁၂ ရက်အထိ ရရှိသည့် စာရင်းများအရ နစ်မြုပ်ဧကများအနက် ဧက ၂၉,၀၀၀ ကျော် ပြန်လည်ပေါ်ထွက်လာကာ ၃၈၇ ဧက ထိခိုက်ပျက်စီးခဲ့သော်လည်း ကျန်ရှိသည့် စိုက်ပျိုးမြေအများအပြားမှာ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း မိုးကြီးရေလျှံမှုကြောင့် စိုက်ပျိုးမြေဧက ၅၄,၀၀၀ ကျော် ရေကြီးနစ်မြုပ်ပြီး တောင်သူ ၂၂,၀၀၀ ကျော် ထိခိုက်မှုရှိနေ
Aug 12 • 2:18 PM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


