back

iPhone 18 Pro မော်ဒယ်များ ယခင်ဗားရှင်းထက် ဒေါ်လာ ၂၀၀ မှ ၃၀၀ ခန့် ဈေးနှုန်းမြင့်တက်လာနိုင်

Aug 12 • 2:15 PM

breaking-news

မြန်မာ

ပြည်ပ

cover

iPhone 18 Pro မော်ဒယ်များ ယခင်ဗားရှင်းထက် ဒေါ်လာ ၂၀၀ မှ ၃၀၀ ခန့် ဈေးနှုန်းမြင့်တက်လာနိုင်

လာမည့် စက်တင်ဘာလအတွင်း ထွက်ရှိလာမည့် Apple ၏ iPhone 18 Pro နှင့် iPhone 18 Pro Max မော်ဒယ်များသည် အမေရိကန်ဈေးကွက်တွင် လက်ရှိ iPhone 17 Pro မော်ဒယ်များထက် ဒေါ်လာ...

လာမည့် စက်တင်ဘာလအတွင်း ထွက်ရှိလာမည့် Apple ၏ iPhone 18 Pro နှင့် iPhone 18 Pro Max မော်ဒယ်များသည် အမေရိကန်ဈေးကွက်တွင် လက်ရှိ iPhone 17 Pro မော်ဒယ်များထက် ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိ ဈေးနှုန်းပိုမိုမြင့်မားလာနိုင်ကြောင်း Bloomberg သတင်းအရ သိရသည်။ အသစ်ထွက်ရှိမည့် iPhone 18 Pro စီးရီးသည် ပုံသဏ္ဌာန်အားဖြင့် ယခင်ဗားရှင်းနှင့် ဆင်တူနိုင်သော်လည်း ပိုမိုသေးငယ်သော Dynamic Island၊ ဂြိုဟ်တုမှတစ်ဆင့် 5G ချိတ်ဆက်နိုင်မှုစသည့် လုပ်ဆောင်ချက်အသစ် ၁၂ မျိုးအထိ ပါဝင်လာမည်ဖြစ်သည်။ Apple အနေဖြင့် iPhone 18 Pro၊ Pro Max နှင့် ခေါက်နိုင်သော "iPhone Ultra" တို့ကို စက်တင်ဘာလ ပထမပတ်အတွင်း တရားဝင်မိတ်ဆက်၍ လကုန်ပိုင်းတွင် စတင်ရောင်းချသွားဖွယ်ရှိပြီး၊ ပုံမှန်ဗားရှင်းများဖြစ်သည့် iPhone 18၊ 18e နှင့် ဒုတိယမျိုးဆက် iPhone Air တို့ကိုမူ လာမည့် ၂၀၂၇ ခုနှစ် မတ်လဝန်းကျင်မှသာ ကြေညာနိုင်ခြေရှိကြောင်း သိရသည်။

news-view-count-icon

17