ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပြန်လည်ကျဆင်းလာပါက စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဌာနဆိုင်ရာရုံးများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပံ့ပိုးကူညီကြရန်နှင့် ရေပြန်ကျချိန်တွင် ပြန်လည်စိုက်ပျိုးရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် လိုအပ်သော စက်ယန္တရားများ၊ မျိုးစေ့နှင့် သွင်းအားစုများကို အသင့်စုဆောင်းပြင်ဆင်ထားကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ မူလတာဝန်များအပြင် ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်တွင် ရေပြန်ကျပါက စာသင်ကျောင်း၊ ဆေးရုံနှင့် ရုံးများကို အမြန်ဆုံးပြန်ဖွင့်မည်
Aug 12 • 2:12 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 15 | 0 | 0 | 0 |


