back

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ရှိ ဘဏ်ရှေ့ရပ်ထားသော ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

Aug 12 • 2:11 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ရှိ ဘဏ်ရှေ့ရပ်ထားသော ကားပေါ်မှ ငွေကျပ် သိန်း ၆၀၀ ခိုးယူသူကို သက်သေခံပစ္စည်းများနှင့်အတူ ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ကို ခိုးယူသွားသူ ဇော်လတ် (ခ) အောင...

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်ရှိ MAB ဘဏ်ရှေ့တွင် ရပ်တန့်ထားသော မော်တော်ယာဉ်ပေါ်မှ ငွေကျပ် သိန်း ၆၀၀ ကို ခိုးယူသွားသူ ဇော်လတ် (ခ) အောင်ဇော်လတ် (၃၈ နှစ်) အား သက်သေခံ ရွှေထည်နှင့် ငွေကျပ် သိန်း ၃၄၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်လ ၁၂ ရက်တွင် ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။ ဩဂုတ်လ ၅ ရက်နေ့က လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ၎င်း၏ Nissan March ယာဉ်ကို ဘဏ်ရှေ့တွင် လော့ချ၍ ခေတ္တဝင်သွားစဉ်၊ တရားခံက ကားတံခါးလက်ကိုင်ကွင်းကို လော့ကျမသွားအောင် မတင်ထားခဲ့ပြီးနောက် ကားအတွင်းရှိ ငွေများကို ခိုးယူခဲ့ခြင်းဖြစ်သည်။ အဆိုပါခိုးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုကြောင့် ဩဂုတ်လ ၉ ရက် ညပိုင်းတွင် တရားခံအား ဟင်္သာတမြို့နယ်ရှိ ၎င်း၏နေအိမ်အနီး၌ ခိုးရာပါငွေ ၁၄၀ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့တွင် ခိုးရာပါငွေဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်းနှင့် ကျန်ငွေ သိန်း ၂၀၀ ကို ဆိမ့်ကြီးခနောင်တိုမြို့နယ်အတွင်း ဆက်လက်သိမ်းဆည်းရမိခဲ့သဖြင့် လက်ရှိတွင် တရားခံအား သက်သေခံပစ္စည်းများနှင့်အတူ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

7