back

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံတို့ ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေး

Aug 12 • 2:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံတို့ ဂျကာတာမြို့၌ တွေ့ဆုံဆွေးနွေး

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်းသည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံး ယာယီတာဝန်ခံ ဦးမန်ဟောက်ထန်နှင့် ၂၀၂၆ ...

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်းကင်ဟွန်းသည် အာဆီယံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမြဲတမ်းကိုယ်စားလှယ်ရုံး ယာယီတာဝန်ခံ ဦးမန်ဟောက်ထန်နှင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် ယနေ့နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ မနက်စာသုံးဆောင်ရင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် ၎င်းတို့နှစ်ဦးသည် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန်၊ ဒေသတွင်းပေါင်းစည်းညီညွတ်မှုကို ပိုမိုနက်ရှိုင်းစေရန်နှင့် ဒေသတွင်းမှသည် ကမ္ဘာ့စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် အပါအဝင် အာဆီယံ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

9