back

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်

Aug 12 • 2:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

ရိုးရာဖိုက်တာ စောမင်းမင်း Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship က ကြီးမှူးကျင်းပသည့် Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သ...

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ စောမင်းမင်းသည် ONE Championship က ကြီးမှူးကျင်းပသည့် Inner Cycle 27 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူရီယန်လက်နှင့် ထိပ်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၂ ရက်တွင် ONE က တရားဝင်ကြေညာခဲ့သည်။ အဆိုပါပွဲစဉ်ကို လာမည့် ဩဂုတ်လ ၂၁ ရက် (သောကြာနေ့) တွင် ကျင်းပမည့် ONE Friday Fights ၏ တစ်ပတ်ခြားပွဲစဉ်ဖြစ်သော Inner Cycle 27 တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ စောမင်းမင်းနှင့် ရင်ဆိုင်ရမည့် ထိုင်းဖိုက်တာ ဆူရီယန်လက်သည် မာဂုဏ်မြင့်ပြီး အသက်ဇွဲကောင်းသည့်အပြင် ONE Championship တွင် ၁၈ ပွဲအထိ ယှဉ်ပြိုင်ကာ ၁၁ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ဖြင့် ဘောနပ်စ်ဆု အများဆုံးရရှိထားသည့် ထိပ်တန်းဖိုက်တာတစ်ဦးဖြစ်ကြောင်း သိရသည်။

news-view-count-icon

12