(၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူကာ ဩဂုတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ Virtual (ဗီဒီယိုကွန်ဖရင့်) စနစ်ဖြင့် လက်ခံကျင်းပလျက်ရှိကြောင်း ဩဂုတ်လ ၁၂ ရက်တွင် သိရသည်။ နေပြည်တော်ရှိ PARKROYAL Hotel ၌ ဗဟိုပြုကျင်းပသည့် အဆိုပါအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာများကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆက်စပ်ဗဟိုဌာနများနှင့်အတူ လက်တွဲပူးပေါင်း ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Aug 12 • 2:07 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


