မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ဈေးကြိုမီးပွိုင့်အနီး၌ လွန်ခဲ့သည့် ၃ လခန့်က ပြုပြင်ဖာထေးခဲ့သော်လည်း ပြန်လည်ပျက်စီးကာ ချိုင့်ခွက်ကြီးများဖြစ်ပေါ်နေသည့် ကတ္တရာလမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အစားထိုးလဲလှယ်၍ စနစ်တကျ ပြန်လည်ပြုပြင်လျက်ရှိကြောင်း ဩဂုတ်လ ၁၁ ရက်တွင် ရာမညအသံသတင်းဌာန၌ ဖော်ပြထားသည်။ အလျား ၇၀ ပေနှင့် အကျယ် ၆၅ ပေရှိ အဆိုပါလမ်းပိုင်း ပျက်စီးမှုကြောင့် ယာဉ်သွားလာရေးခက်ခဲနေသဖြင့် လမ်းသားများကို တူးဖော်ဖယ်ရှားကာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ဩဂုတ်လ ၁၀ ရက်ညပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။ ၎င်းလမ်းပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စျေးကြိုမီးပွိုင့်လမ်းဆုံအား ဩဂုတ်လ ၉ ရက် ည ၉ နာရီမှစတင်၍ ဩဂုတ်လ ၂၁ ရက်နေ့အထိ ၁၂ ရက်ကြာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။
မွန်ပြည်နယ်၊မော်လမြိုင် စျေးကြိုမီးပွိုင့်ရှိ ပျက်စီးနေသော ကတ္တရာလမ်းပိုင်းအား ကွန်ကရစ်ဖြင့် အစားထိုးပြုပြင်နေပြီး လမ်းကို ၁၂ ရက်ကြာ ယာယီပိတ်ထားမည်
Aug 12 • 2:06 PM
မြန်မာ
မွန်
မျှဝေမည်
| 16 | 0 | 0 | 0 |


