back

Ryanair လေကြောင်းလိုင်း လုပ်ငန်းစဉ်များတွင် AI စနစ် ပိုမိုအသုံးပြုရန် Google Cloud နှင့် ၅ နှစ်သက်တမ်း သဘောတူညီချက် လက်မှတ်ရေးထိုး

Aug 12 • 2:03 PM

breaking-news

မြန်မာ

ပြည်ပ

cover

Ryanair လေကြောင်းလိုင်း လုပ်ငန်းစဉ်များတွင် AI စနစ် ပိုမိုအသုံးပြုရန် Google Cloud နှင့် ၅ နှစ်သက်တမ်း သဘောတူညီချက် လက်မှတ်ရေးထိုး

ဥရောပ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော Ryanair သည် လေကြောင်းလုပ်ငန်းစဉ်များတွင် AI နည်းပညာအသုံးပြုမှုကို တိုးမြှင့်ရန် Google Cloud နှင့် ၅ နှစ်သက်တမ်းရှိ ပူးပေ...

ဥရောပ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော Ryanair သည် လေကြောင်းလုပ်ငန်းစဉ်များတွင် AI နည်းပညာအသုံးပြုမှုကို တိုးမြှင့်ရန် Google Cloud နှင့် ၅ နှစ်သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း Bloomberg သတင်းအရ သိရသည်။ အဆိုပါ သဘောတူညီချက်အရ လေယာဉ်အဖွဲ့ဝင်များ ဇယားဆွဲခြင်းနှင့် အရေးကြီးလုပ်ငန်းစဉ် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကူညီနိုင်ရန်အတွက် Google ၏ Gemini AI နည်းပညာနှင့် DeepMind မော်ဒယ်များကို အသုံးပြုသွားမည်ဖြစ်သည်။ Ryanair အနေဖြင့် ၎င်းတို့၏ ဝန်ထမ်းပေါင်း ၃၅,၀၀၀ ထံသို့ Google Workspace နှင့် Google Cloud ဝန်ဆောင်မှုများကို ဖြန့်ကျက်ပေးသွားမည်ဖြစ်ပြီး၊ ယခု ပူးပေါင်းဆောင်ရွက်မှုသည် လာမည့် ၂၀၃၄ ခုနှစ်တွင် နှစ်စဉ် ခရီးသည် သန်း ၃၀၀ သယ်ယူပို့ဆောင်နိုင်ရေး ရည်မှန်းချက်ဆီသို့ ဦးတည်ကြိုးပမ်းမှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19