back

ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျပိမိ

Aug 12 • 2:01 PM

breaking-news

မြန်မာ

မန္တလေး

cover

ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးပေါ်သို့ သစ်ပင်လဲကျပိမိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက မောင်းနှင်နေသော ယာဉ်တစ်စီးပေါ်သို့ အမြင့်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက မောင်းနှင်နေသော ယာဉ်တစ်စီးပေါ်သို့ အမြင့်ပေ ၅၀ ခန့်ရှိ ထနောင်းပင်ဆွေးတစ်ပင် လဲကျပိမိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိတ္ထီလာမှ မန္တလေးသို့ မောင်းနှင်လာသည့် HYUNDAI STAREX အမျိုးအစား ယာဉ်ပေါ်သို့ အဆိုပါသစ်ပင် လဲကျခဲ့ခြင်းကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်တစ်စီး သွားရောက်၍ တစ်နာရီခန့်အကြာ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ထိုသစ်ပင်လဲကျမှုကြောင့် ယာဉ်၏ လေကာမှန်ကွဲအက်ခြင်း၊ ဘောနပ်ဖုံးနှင့် နောက်ဘော်ဒီ ချိုင့်ခွက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူနှင့် တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

14