မကွေးတိုင်းဒေသကြီးအတွင်း ငါးနှစ်နှင့်အထက် သက်တမ်းလွန်ကာ မှတ်ပုံတင်ပယ်ဖျက်ခံထားရသည့် မော်တော်ယာဉ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်စိစစ်ပြီး ဒဏ်ကြေးများပေးဆောင်စေကာ မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်က ပြောကြားခဲ့သည်။ ဩဂုတ်လ ၁၁ ရက်က ကျင်းပသည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုအပေါ် ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ သက်တမ်းတိုးရာတွင် ယာဉ်ငယ်များကို ဒဏ်ကြေးကျပ် ၂၅,၀၀၀ နှင့် ယာဉ်ကြီးများကို ဒဏ်ကြေးကျပ် ၅၀,၀၀၀ စီ ပေးဆောင်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မကွေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စုစုပေါင်း ၂၂၄,၈၅၉ စီး ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး၌ ငါးနှစ်နှင့်အထက် သက်တမ်းလွန် မော်တော်ယာဉ်များကို စိစစ်၍ ဒဏ်ကြေးဖြင့် သက်တမ်းတိုးပေးမည်
Aug 12 • 1:59 PM
မြန်မာ
မကွေး
မျှဝေမည်
| 19 | 0 | 0 | 0 |


