back

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ ပြောင်းလဲမည်

Aug 12 • 1:57 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ လျှပ်စစ်တိုင်မျာ...

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ လျှပ်စစ်တိုင်များပေါ်ရှိ ရှုပ်ထွေးနေသော အင်တာနက်နှင့် ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းလျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ကြိုးများရှင်းလင်းခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းပြီးနောက် လမ်းမကြီးပေါ်တွင် ကျန်ရှိနေသည့် ကောင်းကင်ကေဘယ်ကြိုးများကို မြေအောက်စနစ်သို့ ပြောင်းလဲခင်းကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာန ဌာနမှူး ဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

22