ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဩဂုတ်လ ၁၂ ရက် (ယနေ့) တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရေဘေးအန္တရာယ် ထပ်မံမကြီးထွားစေရန်အတွက် တာဘောင်များ အရေးပေါ် ပြုပြင်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက်လည်း ကယ်ဆယ်ရေးရိက္ခာများနှင့် သောက်သုံးရေသန့်များကို လက်ဝယ်အရောက် သွားရောက်လှူဒါန်းထောက်ပံ့ခြင်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ ငဝန်တာအောက်ခံ သဲကြောထူးပေါက်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ
Aug 12 • 1:56 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


