back

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူ တရုတ်နိုင်ငံသား ၆၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Aug 12 • 1:55 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်သူ တရုတ်နိုင်ငံသား ၆၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၆၀ ဦးကို လုပ်ငန်း...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၆၀ ဦးကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အား လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည့်အပြင် သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

12