back

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိ

Aug 12 • 1:54 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်လျက်ရှိ

မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးအား မူလဗိသုကာလက်ရာများမပျက် ပြန်လည်ပြုပြင်တည်ဆောက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်ဆောက်လုပ...

မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးအား မူလဗိသုကာလက်ရာများမပျက် ပြန်လည်ပြုပြင်တည်ဆောက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်ဆောက်လုပ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ်လ ၁၁ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တက္ကသိုလ်ပင်မဆောင်၏ မူလလက်ရာများမပျက်စီးစေရေး၊ လက်ရာလက်သား သပ်ရပ်ကောင်းမွန်ရေးနှင့် အရည်အသွေးမီ ဆောက်လုပ်ရေးပစ္စည်းများ စနစ်တကျအသုံးပြုကာ သတ်မှတ်ကာလအတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

news-view-count-icon

13