back

ကရင်ပြည်နယ်၊မြဝတီ-ရွှေကုက္ကိုလ်၌ အွန်လိုင်းဒုစရိုက်မှုများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၆ ဦးကို ပြန်လည်လွှဲပြောင်း

Aug 12 • 1:52 PM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊မြဝတီ-ရွှေကုက္ကိုလ်၌ အွန်လိုင်းဒုစရိုက်မှုများတွင် ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၆ ဦးကို ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု ဒုစရိုက်လုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၆ ...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု ဒုစရိုက်လုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၆ ဦးကို ဩဂုတ်လ ၁၁ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့သည့် နိုင်ငံခြားသားများတွင် အီသီယိုးပီးယား ၂ ဦး၊ လိုက်ဘေးရီးယား ၁ ဦး၊ ဘူရွန်ဒီ ၁ ဦး၊ ယူဂန်ဒါ ၁ ဦးနှင့် တိုဂိုနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20