အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပြင်းထန်ခြောက်သွေ့ကာ တောမီးလောင်ကျွမ်းမှုများ ဆိုးရွားစွာဖြစ်ပွားနေသဖြင့် လေထုညစ်ညမ်းမှုဒဏ်ကြောင့် ဒါဇင်နှင့်ချီသော စာသင်ကျောင်းများကို ရက်ဆက်ပိတ်ထားရကြောင်း သိရသည်။ ဘော်နီယိုကျွန်း၊ အနောက်ကာလီမန်တန်ပြည်နယ်၊ ပွန်တီယာနက်မြို့တွင် တောမီးများမှထွက်ရှိလာသည့် ထူထပ်သောမီးခိုးမြူများ မြို့ပေါ်သို့ ဖုံးလွှမ်းပျံ့နှံ့နေသောကြောင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် ကျောင်းများပိတ်ထားရန် မြို့တော်ဝန်က အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ မြို့တော်ဝန် အီဒီရပ်ဒီ ကမ်တိုနိုက လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသရွေ့ ကျောင်းသားလူငယ်များအနေဖြင့် နေအိမ်မှသာ အွန်လိုင်းစနစ်ဖြင့် ဆက်လက်သင်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
Aug 12 • 1:51 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


