back

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၃၉၀ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့

Aug 12 • 1:49 PM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၃၉၀ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာထက်ကျော်လွန်ကာ ဩဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်း တိုင်းထွာချ...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာထက်ကျော်လွန်ကာ ဩဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်အရ ၈၃၅ စင်တီမီတာသို့ ရောက်ရှိလာသဖြင့် ရေဘေးသင့်ပြည်သူ ၃၉၀ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရကြောင်း သိရသည်။ မြစ်ရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် မြစ်ကမ်းနီးနှင့် မြေနိမ့်ပိုင်းဒေသများမှ အိမ်ထောင်စု ၇၈ စု (လူဦးရေ ၃၉၀ ဦး) အား သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များ၊ မီးသတ်၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ဘားအံမြို့ မိုးလုံလေလုံအားကစားရုံနှင့် လေးသာဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်း နှစ်ခုသို့ အချိန်မီရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ ကယ်ဆယ်ရေးစခန်းများ၌ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများနှင့် ထောက်ပံ့မှုများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17