back

ရန်ကုန်မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် လူနာများပြားလျက်ရှိ

Aug 12 • 7:47 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေပြီး ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် လူနာများပြားလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမတော်၊ လသာ၊ စမ်းချောင်းနှင့် သာကေတ အပါအဝင် မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားသူ များပြားနေသဖြင့် ရန်ကုန်ပြည...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမတော်၊ လသာ၊ စမ်းချောင်းနှင့် သာကေတ အပါအဝင် မြို့နယ်အချို့၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားသူ များပြားနေသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဗဟိုရ်စည်၊ ရွှေလမင်းနှင့် အောင်ရတနာ စသည့် ပုဂ္ဂလိကဆေးရုံများတွင်ပါ တက်ရောက်ကုသသူများပြားလျက်ရှိကြောင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် သိရသည်။ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး၌ ဝမ်းပျက်လူနာများပြားလွန်းသဖြင့် လူနာဧည့်သည်လက်ခံခြင်းကို ရပ်နားထားရသည့်အပြင် ပြင်ပအလှူရှင်များ၏ အာဟာရကျွေးမွေးလှူဒါန်းမှု အစီအစဉ်များကိုပါ ယာယီပိတ်ထားရကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါသံသယ) သည် မသန့်ရှင်းသောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်ပြီး ဆန်ဆေးရည်ကဲ့သို့ ဝမ်းသွားခြင်းနှင့် အော့အန်ခြင်းတို့ ဖြစ်ပွားတတ်သဖြင့် ပြည်သူများအနေဖြင့် လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်း၊ ရေကို ကျိုချက်သောက်သုံးခြင်းနှင့် အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ကျက်အောင်ချက်စားခြင်း စသည့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုကြရန်နှင့် သံသယလက္ခဏာရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ သွားရောက်ပြသကြရန် သတိပေးနှိုးဆော်ထားသည်။

news-view-count-icon

17