back

ရှမ်းပြည်နယ်၌ အင်းတိန်ချောင်းရေ မြင့်တက်လာပြီး တောင်ကျရေကြောင့် နေအိမ်နှင့် တံတားများ ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ

Aug 12 • 7:04 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၌ အင်းတိန်ချောင်းရေ မြင့်တက်လာပြီး တောင်ကျရေကြောင့် နေအိမ်နှင့် တံတားများ ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းတိန်ချောင်းတွင် ရေတက်လာပြီး တောင်ကျချောင်းရေ အရှိန်ဖြင့် စီးဆင်းလာပါက နေအိမ်များနှင့် တံတားများ ထိခိုက်ပျက်...

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အင်းတိန်ချောင်းတွင် ရေတက်လာပြီး တောင်ကျချောင်းရေ အရှိန်ဖြင့် စီးဆင်းလာပါက နေအိမ်များနှင့် တံတားများ ထိခိုက်ပျက်စီးမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။လက်ရှိအချိန်တွင် သီးနှံများ ရိတ်သိမ်းပြီးဖြစ်သဖြင့် စိုက်ခင်းများထက် နေအိမ်များနှင့် တံတားများ ထိခိုက်ပျက်စီးမည်ကို ပိုမိုစိုးရိမ်နေရခြင်းဖြစ်ကာ ယခင် ၂၀၂၄ ခုနှစ်ကလည်း တောင်ကျချောင်းရေကြောင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ဖူးကြောင်း အင်းတိန်ဒေသခံတစ်ဦးက ပြောသည်။ဩဂုတ် ၁၁ ရက် မွန်းလွဲပိုင်းအထိ အင်းလေးကန်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးမရွာသည့်အချိန်တွင်ပင် ကလောနှင့် ရပ်စောက်ဘက်မှ စီးဆင်းလာသည့် ချောင်းရေများကြောင့် အင်းလေးကန်အတွင်း ရေ ၂ ပေခန့် မြင့်တက်နေကြောင်း သိရသည်။ ထို့ပြင် ဩဂုတ် ၁၃ ရက်အထိ မိုးကြီးနိုင်သဖြင့် ရေကြီးရေလျှံမှု အန္တရာယ်မှ ကင်းဝေးစေရန် ကုန်စိမ်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် တောင်သူအချင်းချင်း သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

19