back

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ နှမ်းအဝယ်လိုက်နေသဖြင့် မန္တလေးဈေးကွက်မှ ပြန်လည်တင်သွင်းနေရ

Aug 12 • 4:38 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ နှမ်းအဝယ်လိုက်နေသဖြင့် မန္တလေးဈေးကွက်မှ ပြန်လည်တင်သွင်းနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နှမ်းမျိုးစုံ ထွက်ရှိသည့် ကာလဖြစ်သော်လည်း နှမ်းအဝယ်လိုက်နေသဖြင့် ဒေသထွက် နှမ်းများအပြင် မန္တလေးဈေးကွက်မှပါ ဝယ်ယူနေရကြောင်း ...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နှမ်းမျိုးစုံ ထွက်ရှိသည့် ကာလဖြစ်သော်လည်း နှမ်းအဝယ်လိုက်နေသဖြင့် ဒေသထွက် နှမ်းများအပြင် မန္တလေးဈေးကွက်မှပါ ဝယ်ယူနေရကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရသည်။ မြေပဲဆီနှင့် စားအုန်းဆီဈေးများ မြင့်တက်ပြီး လိုသလောက် ဝယ်ယူ၍မရသဖြင့် ဆီစက်များက နှမ်းဆီကို ပိုမိုကြိတ်ခွဲကာ ရောင်းချနေရသောကြောင့် နှမ်းအဝယ်လိုက်နေခြင်း ဖြစ်သည်။မုံရွာကုန်စည်ဈေးကွက်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၅၀,၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၁၄၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ မုံရွာမြို့၌ ပြင်ပစားအုန်းဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈,၅၀၀ မှ ၁၉,၀၀၀၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၂၂,၀၀၀ နှင့် နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၇,၅၀၀ ဖြင့် ရောင်းချနေကြသည်။ ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့က စိုက်ပျိုးခဲ့သည့် နှမ်းများမှာ ယခု ဩဂုတ်လတွင် ဈေးကွက်အတွင်း ဝင်ရောက်ရမည်ဖြစ်သော်လည်း မိုးများ၍ ရေမြုပ်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

news-view-count-icon

16