ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်ကျေးရွာအုပ်စုမှ ပျောက်ဆုံးနေသည့် မိန်းကလေးငယ် ၂ ဦးကို ဩဂုတ် ၁၁ ရက်တွင် လားရှိုးမြို့၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ပေါပဲကျေးရွာနေ မမိုးပြည့်ပြည့်စံနှင့် အင်းခေါင်းကျေးရွာနေ မထက်အိမ်စိုးတို့ ၂ ဦးသည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက နေအိမ်မှ ကျောင်းသို့ ထွက်ခွာသွားပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် မိဘများက ဟဲဟိုးနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းကာ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။လားရှိုးနယ်မြေရဲစခန်း တာဝန်ရှိသူ၏ ပြောကြားချက်အရ အဆိုပါ မိန်းကလေးငယ်များကို လူခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်၍ လာရောက်ခြင်းဖြစ်ကာ လောလောဆယ်တွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မိဘများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က လားရှိုးရဲစခန်းတွင် ရောက်ရှိနေသည့် မိန်းကလေးငယ်များအား သွားရောက်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Aug 12 • 4:36 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 8 | 0 | 0 | 0 |


