ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်းတစ်လျှောက်ရှိ ဝိုင်ဖိုင် ဆက်သွယ်ရေးတိုင်များနှင့် ထီသိမ် အ.ထ.က (ခွဲ) ရှေ့ရှိ လျှပ်စစ်မီးတိုင်များ တိမ်းစောင်းလျက်ရှိရာ ကျောင်းသူကျောင်းသားများနှင့် ပြည်သူများအတွက် အန္တရာယ်ရှိနေသော်လည်း သက်ဆိုင်ရာမှ လာရောက်ပြုပြင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ဘုရားဖြူရပ်ကွက် နယ်မြေ (၇)၊ (၈) နှင့် (၉) တို့၌ အနည်းဆုံး ဆက်သွယ်ရေးတိုင် ၄ တိုင်ခန့် တိမ်းစောင်းကာ အုတ်တံတိုင်းများကို ဖိမိနေသည့်အပြင် ခြုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာ ကုမ္ပဏီထံ ၃ ကြိမ်တိုင် စာရေးသား အကြောင်းကြားခဲ့သော်လည်း လာရောက် ပြုပြင်ပေးခဲ့ခြင်း မရှိပေ။အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက သက်ဆိုင်ရာ ရပ်/ကျေးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတစ်ဆင့် အကြောင်းကြားလာပါက မြေပြင်ဆင်းစစ်ဆေး၍ အော်ပရေတာများကို ဆောင်ရွက်စေကြောင်း၊ ပြည်သူများအနေဖြင့်လည်း အချက်အလက် အပြည့်အစုံဖြင့် မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် ကုမ္ပဏီများကို ရုံးချုပ်အဆင့်သို့ တင်ပြ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တိမ်းစောင်းနေသည့် ဆက်သွယ်ရေးတိုင်များအား လာရောက်ပြုပြင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများ ပြောဆို
Aug 12 • 3:52 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 22 | 0 | 0 | 0 |


