ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၌ ပါဝင်ခဲ့သည့် နိုင်ငံခြားသား ၆ ဦးအား ဩဂုတ် ၁၁ ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။လွှဲပြောင်းပေးခဲ့သူများတွင် အီသီယိုးပီးယားနိုင်ငံသား ၂ ဦး၊ လိုက်ဘေးရီးယားနိုင်ငံသား ၁ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၁ ဦး၊ ယူဂန်ဒါနိုင်ငံသား ၁ ဦးနှင့် တိုဂိုနိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး တာဝန်ရှိသူများက လက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ပြည်ပနိုင်ငံသား ၁၄,၇၄၀ ဦးအနက် ၁၃,၈၂၀ ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ ကျန်ရှိသူများအနက် ၇၁၃ ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများဖြင့် အရေးယူထားကာ ကျန်ရှိသော ၂၀၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့၌ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်သည့် နိုင်ငံခြားသား ၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း
Aug 12 • 3:19 AM
မြန်မာ
ကရင်
မျှဝေမည်
| 13 | 0 | 0 | 0 |


