ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၀ နှစ်အရွယ် အဘိုး ဦးစိန်ငွေအား နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၁ ရက်က အဆိုပါ ကျေးရွာရှိ အဘိုး၏နေအိမ်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက သွားရောက်ဂါရဝပြု၍ နိုင်ငံတော်သမ္မတ၏ ဂါရဝပြုလှူဒါန်းငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အဘိုး၏ ကျန်းမာရေးနှင့် နေထိုင်မှုအခြေအနေများကို မေးမြန်းအားပေးခဲ့ကြောင်း သိရသည်။


